🇲🇲 How To Trust Yourself Again In Times of Doubt
အမှန်အတိုင်း ပြောရမယ်ဆိုရင် သံသယစိတ်ဆိုတာက တကယ့်ကို ကျွန်မတို့ရဲ့ စိတ်ကို လေးလံစေတဲ့ အရာပါပဲ။
အရာအားလုံးက ကိုယ် စီစဥ်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ၊ ဘဝမှာ ပြဿနာ အခက်အခဲတွေနဲ့ပဲ ကြုံတွေ့နေရတဲ့အခါ၊ ကြိုးစားနေပေမယ့်လို့ အမြဲလိုလို ကျရှုံးနေတဲ့အခါ ကျွန်မတို့တွေက ကိုယ့်ကိုယ်ကိုယ် သံသယစိတ် ဝင်လာတတ်ကြပါတယ်။ ပြီးတော့ အဲ့ဒီ သံသယစိတ်တွေက ကျွန်မတို့ရဲ့ ဘဝကို တဖြည်းဖြည်းနဲ့ ထိန်းချုပ်လာတတ်တယ်။
ကိုယ် ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းကို သံသယဝင်ပြီး " ငါ လုပ်နေတာတွေ မှန်ရဲ့လား၊ ငါ မှားယွင်းတဲ့ လမ်းကြောင်းကို လျှောက်နေမိတာလား " ဆိုပြီး တွေးနေမိလိမ့်မယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘာလဲဆိုတော့ ကိုယ့်မှာ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်တဲ့ အရာအားလုံး ရှိနေပြီးသားဆိုတာပါပဲ။ အဓိက လိုအပ်နေတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေး ရှိဖို့ပဲ လိုနေတာပါ။
ဒါကြောင့် ဘဝမှာ မသေချာ၊မရေရာမှုတွေနဲ့ပဲ ကြုံနေရရင်တောင် ကိုယ့်ကိုယ့်ကိုယ် ဘယ်လို ယုံကြည်မှုပြန်တည်ဆောက်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
၁။ ကိုယ်ရဲ့ အောင်မြင်မှုတိုင်းကို (ဘယ်လောက်ပဲ သေးငယ်တဲ့ အောင်မြင်မှုဖြစ်နေပါစေ) မှတ်မိနေပါ။
ကျွန်မတို့ရဲ့ အတွေးထဲမှာ သံသယစိတ်တွေက ကျယ်လောင်လာတဲ့အခါ အရင်တုန်းက ကိုယ် ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ခက်ခဲတဲ့အချိန်တွေကို မေ့သွားတတ်ကြပါတယ်။ ကျွန်မတို့တွေမှာ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ရင်ဆိုင်နိုင်ခဲ့တဲ့အချိန်တွေ၊ ကြီးမားတဲ့ ပြဿနာပဲဖြစ်ဖြစ်၊ သေးငယ်တဲ့ ပြဿနာပဲဖြစ်ဖြစ် ကျော်လွှားနိုင်ခဲ့တဲ့အချိန်တွေ၊ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ၊ အမြဲတမ်း ကိုယ့်အတွက်ကိုယ် ရှိနေခဲ့တဲ့ အချိန်တွေ ရှိခဲ့ကြပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးယုံကြည်မှု ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?
ဘယ်လောက်ပဲ သေးငယ်တဲ့ အောင်မြင်မှု ဖြစ်ပါစေ။ ကိုယ့်ရဲ့ အောင်မြင်မှုတိုင်းကို ပြန်စဥ်းစားပြီး ချရေးပါ။ ပြီးတော့ ကိုယ် ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးခဲ့မိပေမယ့် လုပ်နိုင်ခဲ့တဲ့အချိန်တွေကို ပြန်မြင်ယောင်ကြည့်ပါ။
အဲ့ဒီအချိန်တွေက အရင်တုန်းကလည်း ကိုယ့်အနေနဲ့ ခက်ခဲတဲ့ အချိန်ကာလတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဖြစ်တဲ့အတွက်၊ အခုလည်း လုပ်နိုင်တယ်ဆိုတာကို ပြသနေတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရှိလာစေနိုင်တဲ့ သက်သေတွေပါပဲ။
၂။ ပထမဆုံးခြေလှမ်းကို စလှမ်းပါ။ ပြီးမှ နောက်တစ်လှမ်း ဆက်လှမ်းပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်ဆိုတာက ကိုယ် လျှောက်လှမ်းရမယ့် လမ်းကြောင်းတစ်ခုလုံးကို သိနေရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ကိုယ် လှမ်းလိုက်တဲ့ ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းမှာ အခက်အခဲတွေ ရှိလာတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တာကို ဆိုလိုတာပါ။
ကျွန်မတို့ တော်တော်များများ လုပ်လေ့ရှိတဲ့ အမှားက ဘာဆိုဘာမှ မစရသေးခင်မှာ အဖြေတွေအားလုံး ရှိနေပြီးသားဖြစ်ချင်တာပါပဲ။ ဒါပေမဲ့ ခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ယုံကြည်မှု အပြည့်နဲ့သာ လျှောက်လှမ်းမယ်ဆိုရင် ကျွန်မတို့ ရှာနေတဲ့ အဖြေတွေအားလုံးကို တွေ့မှာ အသေအချာပါပဲ။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးယုံကြည်မှု ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?
တစ်ရက်ကို ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းသေးသေးလေး တစ်လှမ်းချင်းဆီ လှမ်းမယ်ဆိုရင်တောင်မှ လုံလောက်ပါတယ်။
နေ့တိုင်း တစ်လှမ်းချင်းဆီ လှမ်းလာလေလေ၊ ကိုယ် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိလာရလေပါပဲ။ ယုံကြည်မှုဆိုတာက တစ်ခါတည်း ဖြစ်ပေါ်လာတဲ့ အရာမျိုး မဟုတ်ဘဲ ကိုယ် လုပ်ဆောင်နေတဲ့ အရာတစ်ခုချင်းဆီကနေ ဖြည်းဖြည်းချင်း တည်ဆောက်ရတဲ့ အရာပါ။
၃။ အတွေးထဲက ဆူညံသံတွေကို လျော့ချလိုက်ပါ။
ကိုယ့်ရဲ့ အတွေးထဲက သံသစိတ်တွေ၊ ဆူညံသံတွေ ပိုပြီး ကျယ်လာရတာက ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေရဲ့ စကားတွေကို ပိုပြီး နားထောင်နေမိလို့ပါ။ social media မှာ ပြောထားတာတွေ၊ သတင်းတွေ၊ ဒါမှမဟုတ် သူငယ်ချင်းတွေဆီက အဓိပ္ပါယ်ရှိတဲ့ အကြံဥာဏ်တွေက တစ်ခါတလေမှာ ကိုယ့်ရဲ့ သံသယစိတ်တွေကို ပိုကျယ်လောင်လာစေပြီးတော့ ကိုယ့်ရဲ့ အတွင်းထဲက စစ်မှန်တဲ့အသံကို ပျောက်သွားစေနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးယုံကြည်မှု ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?
အရင်ဆုံး ပတ်ဝန်းကျင်က ပြောနေတဲ့ ဆူညံသံတွေကို ဖြည်းဖြည်းချင်း လျော့ချကြည့်ပါ။ ပြီးရင် စိတ်ကို ငြိမ်ငြိမ်လေးထားပြီး ကိုယ် တကယ် ခံစားနေရတဲ့အရာတွေနဲ့ သိနေတဲ့အရာတွေကို သေချာနားထောင်ပါ။ တကယ့် အဖြေတွေက အပြင်မှာ ရှိနေတာမဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းထဲမှာပဲ အမြဲတမ်း ရှိနေတာပါ။ လိုအပ်နေတာက ဒီအဖြေတွေကို ကြားဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်ခုပါပဲ။
၄။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ယုံကြည်မှုတည်ဆောက်တာရဲ့ အခက်ခဲဆုံးအပိုင်းက ကိုယ် လုပ်ခဲ့တဲ့ အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့တွေက စီစဥ်ထားတဲ့အတိုင်း ဖြစ်မလာတဲ့၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့ဖူးကြတာရှိမယ်။ အဲ့ဒီ ကျရှုံးခဲ့တဲ့အချိန်တွေက ကျွန်မတို့ရဲ့ သံသယစိတ်ကို ပိုပြီး ကြီးမားလာစေပါတယ်။ ဒါပေမဲ့ အဲ့ဒီ အတိတ်က အမှားတွေ၊ ကျရှုံးခဲ့တဲ့ အချိန်တွေကို ဆက်ပြီး ဆုပ်ကိုင်ထားတာက ကျွန်မတို့အတွက် ကြောက်စိတ်ကိုပဲ ပိုပြီး တိုးလာစေတာပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးယုံကြည်မှု ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?
အရင်ဆုံး အတိတ်က အမှားတွေ၊ ကျရှုံးခဲ့တဲ့ အချိန်တွေကို လွှတ်ချလိုက်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပြီး အဲ့ဒီအရာတွေကို လက်ရှိကို ဆက်ပြီး သယ်မလာပါနဲ့တော့။ အခု လက်ရှိ ကိုယ်က အရင်တုန်းက ကိုယ် မဟုတ်တော့တဲ့အပြင် အတိတ်က အမှားတွေကနေလည်း အများကြီး သင်ယူခဲ့ပြီးပါပြီ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတာက ကျွန်မတို့ အမှားတွေလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နားလည်ခွင့်လွှတ်ပေးပြီး အဲ့ဒီအမှားတွေကနေ ပြန်ပြီး သင်ယူနိုင်တာပဲဖြစ်ပါတယ်။
၅။ ယုံကြည်မှုဆိုတာက တည်ဆောက်ယူရတဲ့အရာပါ။
ယုံကြည်မှုဆိုတာက ခန္ဓာကိုယ်က ကြွက်သားတွေလိုပါပဲ။ များများ လေ့ကျင့်လေလေ၊ ပိုပြီး သန်မာလာလေလေပါပဲ။ ကျွန်မတို့ မွေးကတည်းက ရှိလာတဲ့အရာမဟုတ်ဘဲ တဖြည်းဖြည်းချင်းနဲ့ တည်ဆောက်ယူရတဲ့အရာပဲ ဖြစ်ပါတယ်။
အဲ့တာကြောင့် ကိုယ့်ရဲ့ စိတ်ထဲမှာ သံသယတွေနဲ့ပဲ ပြည့်နေရင်တောင်မှ ကိုယ့်အတွက်ကိုယ် ရှိနေပေးပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို စပြီး အကောင်အထည်ဖော်ပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးယုံကြည်မှု ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?
ဆုံးဖြတ်ချက်တွေ ချတဲ့အချိန်တိုင်းမှာ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်ပါ။ အခက်အခဲတွေ ကြုံလာရရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ရှေ့ဆက်သွားဖို့ အကြောင်းပြချက်တွေကို စဥ်းစားပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တတ်ဖို့ ကြိုးစားလေလေ၊ ကိုယ့်အတွေးထဲမှာ ရှိနေတဲ့ သံသယစိတ်တွေက တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လာပြီး ကိုယ့်ရဲ့အတွင်းထဲက စစ်မှန်တဲ့အသံကို ရှင်းရှင်းလင်းလင်း ကြားရမှာပဲဖြစ်ပါတယ်။
နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။
သံသယစိတ်တွေက ကျွန်မတို့ရဲ့ သိစိတ်ထဲမှာကော၊ မသိစိတ်ထဲမှာကော အမြဲတမ်း ရှိနေမှာပါပဲ။ ဒါပေမဲ့ အဲ့ဒီ သံသယစိတ်တွေနဲ့ ကိုယ့်ရဲ့ ဘဝကို ထိန်းချုပ်မခံပါနဲ့။
ကျွန်မတို့ လူတိုင်းမှာ လုပ်နိုင်စွမ်းတွေ အကုန်ရှိပါတယ်။ အရင်ကလည်း ကိုယ့်အနေနဲ့ အခက်အခဲတွေကို ယုံကြည်မှုအပြည်နဲ့ ကျော်ဖြတ်နိုင်ခဲ့သလို အခုလည်း ထပ်ပြီး ကျော်ဖြတ်နိုင်ဦးမှာပါပဲ။
ကျွန်မ မေးချင်တာက " သင့်အနေနဲ့ ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး အခွင့်အရေး ပေးမှာလား? " ဆိုတာပါပဲ။
တကယ်လို့ သင့်အနေနဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ပြီး ကိုယ့်ရဲ့ inner strength ကို ပြန်ရှာဖွေဖို့ အသင့်ဖြစ်နေပြီဆိုရင် Between Worlds Masterclass က သင့်အတွက်ပါပဲ။ ဒီ program မှာ မသေချာ၊မရေရာမှုတွေ ကြုံတွေ့နေရရင်တောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး ယုံကြည်ရမလဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။
ကိုယ်သွားချင်တဲ့ နေရာနဲ့ ကိုယ်လက်ရှိရောက်နေတဲ့နေရာ ကြားထဲမှာ ဘာလုပ်ရမယ်မှန်းမသိဘဲ ပိတ်မိနေသလိုမျိုး ခံစားနေရလား။
ကျွန်မရဲ့ Between Worlds Masterclass မှာ လက်ရှိ ကိုယ်ကြုံတွေ့နေရတဲ့ မသေချာ၊မရေရာမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့်၊ ကိုယ် လိုအပ်နေတဲ့ ရှင်းလင်းပြတ်သားတဲ့ အဖြေတွေကို ရှာဖွေနိုင်မယ့်
ထိရောက်တဲ့ နည်းလမ်းတွေကို ပြောပြပေးသွားမှာပါ။
ဒါကြောင့် Between Worlds Masterclass ကို join လုပ်ပြီး ကိုယ့်ဘဝရဲ့ နောက်ထပ် အပိုင်းကဏ္ဍတစ်ခုကို အကောင်းဆုံး ပုံဖော်လိုက်တော့နော်။
တကယ်လို့ ဒီ blog post က သင့်အတွက် အကူအညီဖြစ်စေတယ်ဆိုရင်၊ ကိုယ့်လိုပဲ အခုလက်ရှိမှာ အကူးအပြောင်း ကြားကာလတစ်ခုမှာ ပိတ်မိနေတဲ့သူရှိတယ်ဆိုရင် သူ့ကိုလည်း ဒီစာလေး မျှဝေပေးပြီး အားပေးလိုက်ပါဦးနော်။
Arabelle is a Speaker, Entrepreneur, creative, CEO, and solo mama. With a background in investment banking, she helps clients in over 110 countries unlock potential and pursue freedom. She lives between Dubai and Perth, believing real change starts from within.